ဒဂုံမြို့သစ်အ‌ရှေ့ပိုင်းမြို့နယ်တွင် ဒဂုံတက္ကသိုလ် တည်ထောင်ခြင်း (၃၂) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

ဒဂုံအရှေ့ နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အ‌ရှေ့ပိုင်းမြို့နယ်၊ ဒဂုံတက္ကသိုလ်၌ ဒဂုံတက္ကသိုလ် တည်ထောင်ခြင်း (၃၂) နှစ်မြောက် အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲကို ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဦးစွာ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက သိပ္ပံနှင့်ဝိဇ္ဇာဘာသာရပ်များ သုတေသနပေါင်းစည်းလုပ်‌ဆောင်ခြင်းဖြင့် လူ့ဘောင်လောက တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်၍ ဆက်စပ်သည့်ဘာသာရပ်များကို သုတေသနလုပ်ငန်းများ ပေါင်းစည်းလုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ သုတေသနစာတမ်းဖတ်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

သုတေသနစာတမ်းဖတ်ပွဲကို ဝိဇ္ဇာဘာသာရပ်နှင့်သိပ္ပံဘာသာရပ်များအတွက် Parallel Section ပြုလုပ်ကာ ဖတ်ကြားခဲ့ကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများက သုတေသနစာတမ်းဖတ်ကြားသည့် သိပ္ပံဘာသာရပ် (၁၂) ဦးနှင့် ဝိဇ္ဇာဘာသာရပ် (၁၂) ဦးတို့ကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဒဂုံတက္ကသိုလ်ပါမောက္ခချူပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)