ကွမ်းခြံကုန်း နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲယမန်နေ့က ကမာပါကျေးရွာအုပ်စု၊ မေတ္တာကျေးရွာ အ-လ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန်နှင့် စာဖတ်သည့်အလေ့အထဖြစ်ပေါ်လာစေရန် စသည့်အကြောင်းအရာများဟောပြောပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲကျင်းပရာ ဆုရရှိသူ ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာဖတ်ရူကြပြီး ပြသထားသော နံရံကပ်စာစောင်များ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)