လသာ နိုဝင်ဘာ ၁၄
ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင်မြို့ပြအလှတရားနှင့် လျှပ်စစ်ဘေးကင်းလုံခြုံမှုတိုးတက်လာစေရန်ရည်ရွယ်ပြီး မြို့နယ်အတွင်းရှိ ၁၇ လမ်း၌ Wi-Fi ကြိုးများအား စနစ်တကျဖြစ်အောင် ပြုပြင်ရှင်းလင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းအချိန်ကဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းကို လသာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဦးဆောင်ကာ Global Net ၊ Myanmar Net၊ Hi Net၊ MIH နှင့် Mytel တို့အဖွဲ့များ ပူးပေါင်းပါဝင်ကာ လမ်းဘေးတန်းတူမကပ်သော ကြိုးများ၊ ပျက်စီးနေသော ကြိုးများကိုဖယ်ရှားရှင်းလင်းပြုပြင်ကြသည်။
ထို့နောက်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူက “Wi-Fi ကြိုးများကို စနစ်တကျ ပြုလုပ်ခြင်းသည် ပြည်သူများ၏ဘေးကင်းလုံခြုံမှုအတွက်သာမက မြို့နယ်အလှတရားတိုးတက်လာစေမည့် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်သည်” ဟု ပြောကြားခဲ့သည်။
နေလင်း