ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန်  နိုဝင်ဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၏ပထမအကြိမ်စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းကအဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန္တာ၊ ရောဂါဗေဒ အထူးကုဆရာဝန် ဒေါက်တာနွေးနွေးကြိုင်နှင့် သူနာပြုများ၊ အကူသူနာပြုများ၊ ဓါတ်ခွဲကျွမ်းကျင်ဝန်ထမ်းများက သွေးလက်ခံရယူခြင်းများကိုဆောင်ရွက်ကြသည်။ သွေးလှူဒါန်းပွဲတွင်ဆရာ/ဆရာမနှင့် ဝန်ထမ်း ၁၀ ဦး၊ ကျောင်းသား/သူ ၉၈ ဦး၊ စုစုပေါင်း ၁၀၈ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)