ဒဂုံမြောက် နို၀င်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံဆောင်ရွက်မည့်နေရာများသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်(၁) ဦးတင့်နိုင်နှင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့၀င်များက နိုဝင်ဘာ ၁၂ ရက် နေ့ ၁၂ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်(၁) ဦးတင့်နိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များလိုက်ပါ၍ မဲရုံဆောင်ရွက် မည့်နေရာများသို့ ကွင်းဆင်းကာ ရွေးကောက်ပွဲကျင်းပဆောင်ရွက်မည့်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးမှု အဆင်ပြေ ချောမွေ့စေရန်နှင့် မဲရုံတာ၀န်ကျ၀န်ထမ်းများ အဆင်ပြေစွာ တာ၀န်ထမ်းဆောင်နိုင်ရေး၊ မဲပေးစက်များထားရှိမည့်နေရာ အကျယ်အ၀န်းနှင့် ပြည်သူများမဲပေးရာတွင် မဲရုံအ၀င်လမ်းနှင့် အထွက်လမ်းများ စနစ်တကျသတ်မှတ်ပေးနိုင်ရေးများကို တာ၀န်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် အမှတ် ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၄၀၊ ၄၁၊ ၄၂ ရပ်ကွက်များရှိ မဲရုံနေရာဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း မဲဆန္ဒပေးရန်အတွက် အသက်(၁၈)နှစ်အထက် တစ်သိန်း လေးသောင်းကျော်ခန့်ရှိပြီး ရပ်ကွက် ၂၇ ခုတွင် လျာထားမဲရုံ ၈၅ ရုံရှိကြောင်း သိရသည်။
မြင့်မြင့်ရီ