အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ စာအုပ်ပြပွဲနှင့် နံရံကပ်ဆိုင်းဘုတ်ပြပွဲ ကျင်းပ

ချမ်းအေးသာစံ နိုဝင်ဘာ ၁

ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေများနှင့် ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများစွာ ရရှိစေရန်တို့အတွက် စာအုပ်၊ စာစောင်များပြသခြင်းနှင့် အသိပညာပေးဆိုင်းဘုတ်ပြသခြင်းများကို ချမ်းအေးသာစံမြို့နယ် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

စာအုပ်၊ စာပေဖတ်ရှုခြင်းများမှ အသိဥာဏ်ပညာမြင့်မားလာပြီး အမှား၊ အမှန်ခွဲခြားတက်စေရန် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခြင်း၊ ကလေးငယ်များ၏ ဘဝကို ထိခိုက်စေနိုင်သည့် “ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး” ပိုစတာများနှင့် “မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေး” ပိုစတာများအား ကျောင်းသားလူငယ်များ သိရှိစေရန် ခင်းကျင်းပြသခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိဥာဏ်ပညာမြင့်မားစေရန်အတွက် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများအား စဥ်ဆက်မပြက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)