ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျောင်းကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းသိကောင်းစရာ ဟောပြော

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီတက်ဖွဲ့မှူး ဦးဇော်မျိုးထိုက်က ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်းနှင့်သဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်းအကြောင်းတို့ကို အသိပညာပေးဟောပြောသည်။ ထို့နောက် မြို့နယ်တပ်ဖွဲ့မှူးနှင့်မြို့နယ်ကြက်ခြေနီ နည်းပြများက အသက်ရှူအားကူနည်းနှင့် နှလုံးနှိုးဆွနည်း(CPR)နှင့် သုံးထောင့်ပတ်တီးစည်းနည်းတို့အား လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခဲ့ ကြောင်းသိရသည်။

ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် ကျောင်းသား/ကျောင်းသူ ၆၀ တို့က တက်ရောက်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများကလိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)