မြောက်ဥက္ကလာပ နို၀င်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ဦးစွာ အမှတ် (၅ )အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်စိုးစိုးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက မိမိတို့ဦးစီးဌာနမှ လူငယ်၊လူရွယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လူငယ်၊ လူရွယ်များ စာအုပ်စာပေများဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှုအသိဉာဏ်များ ပိုမိုရှင်သန်လာစေခြင်းနှင့် ပြင်ပဗဟုသုတများတိုးပွားလာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေခြင်း၊ တိုးတက်သောနိုင်ငံများမှပြည်သူများသည် စာအုပ်စာပေများကိုနေ့စဉ်ဖတ်ရှုလေ့လာကြ၍ဖြစ်ကြောင်း ရှင်းလင်းဟောပြောသည်။ ထို့နောက်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က "ပညာသည်သာ ရတနာ"ခေါင်းစဉ်ဖြင့် အသိပညာ ဗဟုသုတများအား ဆွေးနွေးဟောပြောသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်ဗီနိုင်း၊ ပိုစတာများ ၊ သုတရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
သက်လွင်စိုး (ပြန်/ဆက်)