ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များလုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်လှစ်

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ပြုလုပ်သည်။

သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်သာက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းကိုစတင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးနိုင်လင်းကိုကိုနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအေးအောင်တို့က ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် စာအုပ်ပါအကြောင်းအရာများ၊ လုပ်ထုံးလုပ်နည်းများအား ဆွေးနွေးပို့ချသည်။

အဆိုပါ သင်တန်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ရပ်ကွက်မှ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အပါအဝင် တစ်ရပ်ကွက်လျှင် နှစ်ဦးစီဖြင့် စုစုပေါင်း ၁၈ ဦးတက်ရောက်လျက်ရှိပြီး၊ သင်တန်းကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ တစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)