ကိုကိုးကျွန်းမြို့နယ်တွင် စက်ချုပ်သင်တန်း ဖွင့်လှစ်

ကိုကိုးကျွန်း နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စက်ချုပ်သင်တန်း ဖွင့်လှစ်လျက်ရှိရာ နေ့စဉ်နံနက် (၉) နာရီမှစ၍ ပုံမှန်ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစက်ချုပ်သင်တန်းတွင်အမျိုးသမီးဝတ်အင်္ကျီ၊ နောက်ဇစ်အင်္ကျီ၊ ဂျာစီ၊ ရှပ်အင်္ကျီလက်တို၊ ချိတ်ထဘီ၊ လေးလွှာထဘီအစရှိတဲ့ ချုပ်လုပ်နည်းအမျိုးမျိုးကို စာတွေ့လက်တွေ့ ထိထိရောက်‌ရောက်သင်ကြားပေးလျက်ရှိပြီး (၁၈-၁၁-၂၀၂၅)မှ (၁၈-၁၂-၂၀၂၅) အထိ သင်တန်းသားဦးရေ (၃၃) ဦးဖြင့် စာတွေ့၊ လက်တွေ့ ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)