မန္တလေး နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ လှူဒါန်းပွဲကို မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမန်နေဂျာ ဦးသန်းဌေးအောင်က စာအုပ်စာစောင်များ လှူဒါန်းရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ယင်းစာအုပ်စာစောင်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမန်နေဂျာက ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
၎င်း သုတ၊ ရသ စာအုပ်၊ စာစောင်များကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များသို့ ဆက်လက်ဖြန့်ဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စုစုပေါင်း သုတ၊ ရသ စာအုပ်ပေါင်း (၅၂၅) အုပ် ရှိကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)