ကိုကိုးကျွန်း နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရက်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် (၉) နာရီ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးဆန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ရက်ကွက်/ကျေးရွာကော်မရှင်များ ဆောင်ရွက်ရမည့်တာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးငြိမ်းဝေယံက ရက်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲဆန္ဒနယ်ကြေငြာခြင်း၊ မဲစာရင်းများပြုစုခြင်း စသည့်ခေါင်းစဉ်များဖြင့် သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲဉက္ကဋ္ဌ ဦးဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ရက်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်း (၁၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)