လှည်းကူး နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက အ.ထ.က (ဒါးပိန်) နှင့် အ.မ.က (မအူစု) ကျောင်းများသို့ သွားရောက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ ကျောင်းကျန်းမာရေးဌာနနှင့် ဒါးပိန်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများ အားကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အာဟာရအုပ်စုအကြောင်း ပညာပေးခြင်း၊ ဝမ်းလျှောဝမ်းပျက်ရောဂါ၊ ဆေးလိပ်သောက်ခြင်းအန္တရာယ်အကြောင်းများကို ကျန်းမာရေးအသိပညာပေးခြင်း၊ ကျောင်းသား/ကျောင်းသူများအတွက် သွားတိုက်ဆေးများ ပေးဝေခြင်းနှင့် လိုအပ်သောဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)