တံတားဦးမြို့နယ်တွင် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

တံတားဦး နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒနယ်ပြင်ပ သွားရောက်ကျောင်းတက်ကြမည့်  တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနေမှုကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တရုံးနေရာတွင် ကျင်းပကြောင်း သိရသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ရည်ရွယ်ပြီး ကြိုတင်ဆန္ဒမဲပေးနေမှုအား တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် တာဝန်ရှိများ သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၁) အုပ်စု၊ စုစုပေါင်း (၆၄) အုပ်စုရှိရာ၊ နယ်မြေအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်သော ရပ်ကွက်/ကျေးရွာအုပ်စု (၂၀) အုပ်စု ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တံတားဦးမြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)