သုံးခွ နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ၂ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့မရဲစခန်းမှူး ဦးတင်ထွဠ်က မူးယစ်ဆေးဝါးဆိုတာ ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ မူးယစ်ဆေးဝါးဖြစ်သည်ဟု ကြော်ငြာထားသည့် အပင်အမျိုးမျိုး ယင်းအပင်မှထွက်ရှိသော အရာဝတ္ထုများ ဆေးဝါးများပင် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးတစ်ခုခုကို သုံးစွဲလိုက်ပါက ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ထုံထိုင်းခြင်း၊ မူးယစ်ခြင်း၊ ခန္ဓာကိုယ်ကိုတစ်နည်းနည်းဖြင့် ဘေးအန္တရာယ်ဖြစ်စေခြင်း၊ စိတ်ရောကိုယ်ပါစွဲလမ်း၍ ဆက်လက်သုံးစွဲလိုခြင်းများ ဖြစ်ပေါ်စေနိုင်ကြောင်းစသည့် မူးယစ် ဆေးဝါးအန္တရာယ် အကြောင်းကို ပရိုဂျတ်တာဖြင့် အကျယ်တစ်ဝံ့ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးစုမောင်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကိုပြောကြားခဲ့ပြီး အမှတ် ၆၀ ယာဥ်ထိန်းရဲတပ်ဖွဲ့စု ရဲအုပ်ဇင်မင်းဦးက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း