ရန်ကင်းမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

ရန်ကင်း နိုဝင်ဘာ ၂၀

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီက ရန်ကင်းမြို့နယ်အမှတ်(၁၄) ရပ်ကွက်မိုးကောင်းလမ်းရှိ မိုးကောင်းသာသနာ့ဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍သင်တန်းကိုစတင်ခဲ့ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်းသို့ သင်တန်းနည်းပြ (၃) ဦးက သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ (၆၀) ဦးတို့ကို ပို့ချပေးသွား မည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ (၂၀) ရက်နေ့မှ နိုဝင်ဘာ (၂၁) ရက်‌ နေ့အထိနံနက် ၉ နာရီမှညနေ ၄ နာရီထိဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲသို့ ရန်ကင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ ရန်ကင်းမြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ထွန်းနဲ့အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှလှထွေး