အလုံမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

အလုံ နို၀င်ဘာ ၂၀

အလုံမြို့နယ် သစ်တောရပ်ကွက်၊ ကမ်းနား လမ်း၊ အ.ထ.က (၇) ကျောင်း၊ သဇင်ခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ မြို့နယ်အဆင့်နည်းပြသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ကျင်းပသည်။

သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌမှ သင်တန်းသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများအား လိုအပ်သည်များ ရှင်းလင်းပြောကြားခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး မြို့နယ်အဆင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ရင်ဝင်းဟန် ဦးဆောင်သော သင်တန်းနည်းပြများမှ သင်တန်းအား ဖွင့်လှစ်ပို့ချခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ရင်ဝင်းဟန်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ၊ ဆရာ/ဆရာမများ၊ အလုံမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်သူရိန်၊ အလုံမြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)