စဉ့်ကိုင်မြို့နယ်၌ မဲဆန္ဒနယ်ပြင်ပတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

စဉ့်ကိုင်  နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအနက် မဲဆန္ဒနယ်ပြင်ပတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအ‌စည်းအ‌ဝေးခန်းမ၌  ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည်။

စဉ့်ကိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက် ကြမည့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၄၈)အုပ်စုတို့တွင် မဲရုံပေါင်း (၁၁၉)ရုံတို့၌ နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်အထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ(၈၈)ဦး လာရောက်ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ကျော်စွာ (စဉ့်ကိုင်)