စမ်းချောင်းမြို့နယ်၌ မဲရုံးမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

စမ်းချောင်း နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့၀င်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က လင်းလွန်း(တောင်)ရပ်ကွက်၊ ဗဟိုလမ်း အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ယုမှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်းရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့  မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ယု၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန္ဒာဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၇၂)ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှ ၁၉.၁၁.၂၀၂၅ ရက် မှ ၂၀.၁၁.၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ဖြူသွယ်ထွန်း