ကြည့်မြင်တိုင် နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်မြို့နယ့်အဆင့် သင်တန်းကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ သက်တန်းဒုတိယနေ့အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှ စတင်သင်ကြာပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းနည်းပြများက မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့်ဆက်စပ်ပစ္စည်းများအကြောင်း၊ စမ်းသပ်မဲပေးခြင်းအကြောင်း၊ မဲပေးနေစဥ်အတွင်း အရေးပေါ်ကိစ္စများပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်း၊ မဲပေးစက်လုပ်ငန်းစဥ်များအကြောင်း စသည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)