ရန်ကုန် နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းပွဲအား နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်သီသီခိုင်နှင့် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ မိတ်ဖက်ဌာန/အဖွဲ့အစည်းများ၊ အခွန်ထမ်းပြည်သူများဖြင့် အခွန်ဆိုင်ရာကိစ္စများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)