ကျောက်တန်းမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျောက်တန်း နို၀င်ဘာ ၂၁

ကျောက်တန်းမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ ကျောက်တန်းမြို့နယ်၊ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောက်တန်းမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီးရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းဝေက ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များကို ကောင်းစွာနားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ လွှတ်တော်ရွေးကောက်ပွဲများနှင့် စပ်လျဥ်းသည့်လုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဦးဆောင်သော သင်တန်းနည်းပြများမှ သင်တန်းအချိန်ဇယားပါအတိုင်း သင်ကြားပို့ချခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်နှင့် တာ၀န်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပြီး ရပ်ကွက်‌ သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွန်သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၁၃၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)