သန်လျင်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကျင်းပ

သန်လျင် နိုဝင်ဘာ ၂၁

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သန်လျင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက ပြုလုပ်သော အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး သန်လျင်မြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်နွယ်က အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဥ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသော အခွန်ထမ်းပြည်သူများ၏ သိရှိလိုသည်များကို မေးမြန်း ကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)