ကိုကိုးကျွန်း နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သရက်သီးနှင့်နာနတ်သီး အခြေခံအဆင့်မြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်လျက်ရှိရာ နေ့စဉ်နံနက် (၉) နာရီမှစ၍ ပုံမှန်ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် တာရှည်ခံ သရက်သီးနှင့်နာနတ်သီးဖျော်ရည်၊ သရက်သီးသေနတ်၊ သရက်သီးဆားရေစိမ်၊ သရက်သီးနှင့်နာနတ်သီးယို၊ သရက်သီးနှင့်နာနတ်သီးခြောက်ယို၊ သရက်သီးနှင့်နာနတ်သီး (syrup)၊ သရက်သီးနှင့်နာနတ်သီးဝိုင်တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသတွင် ပေါများစွာထွက်ရှိသည့် အုန်းသီးကို အခြေခံပြီး အုန်းယို၊ အုန်းဂျယ်လီ၊ အုန်းဝိုင် စသည့် အုန်းနှင့်ပတ်သက်သည်များကိုလည်း စာတွေ့လက်တွေ့ ထိထိရောက်ရောက်သင်ကြားပေးလျက်ရှိပြီး သင်တန်းသားဦးရေ (၁၁) ဦးဖြင့် စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)