လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးပွဲ အခမ်းအနားကျင်းပ 

လှိုင်သာယာ(အရှေ့ပိုင်း) နို၀င်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ၌ အမှတ်()ရပ်ကွက်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ အခွန်ဦးစီးဌာနမှူး  ဒေါ်၀င်းမာလာက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးသည်။ ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးရဲနိုင်၀င်းမှ ပြေစာတံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး အခွန်ထမ်းပြည်သူများမှ သိရှိလိုသည်များမေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်အခွန်ဦးစီးဦးစီးဌာနမှူးနှင့်၀န်ထမ်းများ၊ အခွန်ထမ်းပြည်သူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)