ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာ

ကော့မှူး နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက် ၆ အချိန်မှစတင်၍ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၅)အုပ်စု‌၊ စုစု‌ပေါင်း(၆၂)တို့ရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရာ‌ ရပ်ကွက်/ကျေးရွာနေပြည်သူများ လာရောက်ကြည့်ရှု‌နေကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံအလိုက် ပထမအကြိမ်ဖြင့် (၂၁)ရက်ကြာ ကပ်ထားကြေညာထားပြီး မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ (၁၄)ရက်ကြာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် မိမိအမည်ထည့်သွင်း‌ပေးရန် တောင်းဆိုခြင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းအချက်အလက်များ မှားယွင်းနေပါက ပုံစံ (-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)