တွံတေး နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာများတွင် နေထိုင်ကြပြီး မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးသို့ သွားရောက်ပညာဆည်းပူးမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးကြကြာင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများက လျှို့ဝှက်ကြိုတင်မဲပုံးတွင် မိမိတို့နှစ်သက်ရာပါတီကို ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်