အင်းစိန် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး (Pfizer JN1 (Gery Cap)ကို ယမန်နေ့နံနက်ပိုင်းက ရွာမအရှေ့ရပ်ကွက် ခရိုင်ဆောက်လုပ်ရေးဦးစီးဌာနနှင့် စော်ဘွားကြီးကုန်း ရပ်ကွက်ဒေးဒရဲကျောင်း ဓမ္မာရုံတို့တွင် ဦးတည်အုပ်စုများအား Pfizer vaccine(JN1)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာနွယ်အိလှိုင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးနှံပေးနေမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကူညီပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ရပ်ကွက်အလိုက် စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)