ပုဇွန်တောင်မြို့နယ်တွင် (၉၄) ကြိမ်မြောက် ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲ တတိယမြောက်နေ့ ဆက်လက်ကျင်းပ

ပုဇွန်တောင် နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် သာသနာတော်ထွန်းကားပျံ့ပွားရေးအတွက် ရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်းကြီး၏ (၉၄) ကြိမ်မြောက် ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲ တတိယမြောက်နေ့ကို ယနေ့နေ့လယ် ၁ နာရီအချိန်က အမှတ်(၁၀) ရပ်ကွက်ရှိ ဘုရားဖြူကျောင်းတိုက်တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါဝိနည်းစာတော်ပြန်ပွဲ တတိယမြောက်ဖြေဆိုနေ့တွင် စာချတန်း(၅)ပါး၊ အငယ်တန်း(၁၂၇)ပါး စုစုပေါင်း (၁၃၂)ပါးတို့ ကြွရောက်ဖြေဆိုလျက်ရှိပြီး ဩဝါဒစရိယဆရာတော်များနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဆရာတော်များမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ စာမေးပွဲဝင်ရောက်ဖြေဆိုနေသည့် စာဖြေရဟန်းသာမဏေများနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်မီမီသက်၊  အလှူရှင် အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ရွှေနှင့်ဇနီးတို့က ဝတ္ထုငွေနှင့်အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဥ်