တောင်သာ နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း တောင်သာအခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ မဲဆန္ဒနယ် ပြင်ပသွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းအား နိုဝင်ဘာ ၂၀ ရက်နေ့တွင်လည်း ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် မဲဆန္ဒနယ်ပြင်ပ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)