တောင်သာမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာထား

တောင်သာ နိုဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများ၌  ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည့် မဲန္ဒရှင်စာရင်းများကို နိုဝင်ဘာ၂၁ ရက်မှ စတင်၍ ဒုတိယအကြိမ်အဖြစ် ကြေညာထားကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ  ကြေညာထားရှိမှုကို  ဒီဇင်ဘာလ ၄ ရက်အထိ   ကြေညာသွားမည် ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး  မိမိအမည် မဲစာရင်း တွင် မပါဝင်ပါက ပုံစံ(၃)၊ ကန့်ကွက်လိုပါက ပုံစံ(၄)၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပုံစံများ အခမဲ့ရယူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရပ်ကွက်/ကျေးရွာ အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားရှိမှုကို ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ တောင်သာမြို့နယ်၊ မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက် မဲဆန္ဒရှင် ဦးရေ(၁၄၉၁၂)ဦး ရှိကြောင်း သိရသည်။                                                              

ကျော်မျိုးနိုင်(တောင်သာ)