ရန်ကင်း နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကိုယနေ့နံနက်(၇)နာရီကစတင်၍ ရပ်ကွက်များအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ(၂)ရက်အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မိမိတို့အမည်စာရင်းပါရှိခြင်း ရှိ/မရှိ၊အမည်မပါသူများ၊ အချက်အလက်များ မှားယွင်းနေသူများရှိပါက ပုံစံ(၁)ဖြင့်လည်းကောင်း၊ လိုအပ်သည့်ပုံစံများကိုလည်း ရပ်ကွက်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံခွဲများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်း ရပ်ကွက်များအလိုက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိမှုအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ထွန်း၊ အဖွဲ့ဝင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့များဖြင့် ကွင်းဆင်းကြည့်ရှုပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပြည်သူများမဲစာရင်းလာရောက်ကြည့်ရူစေရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ဆောင်ရွက်နှင့် မဲစာရင်းတွင် အမည်စာရင်းမပါက ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းသတ်မှတ်ပုံစံများ လျှောက်ထားနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။လှလှထွေး