သာစည်မြို့ အ.ထ.က (၁) ၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး လူငယ်စကားဝိုင်းကျင်းပ

သာစည် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်၊ အသိပညာဗဟုသုတများညာများ တိုးတက်လာစေရန်နှင့် လူအများရှေ့ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်ရေးရာအသိပညာပေး ဟောပြောသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်း ဦးဆောင်၍ လူငယ်စကားဝိုင်းပြုလုပ်ရာ Grade-10 မှ မောင်ဟိန်းထက်ဇံက လူငယ်နှင့်နည်းပညာ၊ မောင်ကောင်းမင်းထက်က လူငယ်နှင့်ကျန်းမာရေး၊ မောင်ဥက္ကာဖြိုးက လူငယ်နှင့်အားကစား၊ မဟန်နီချိုက လူငယ်နှင့်ယဉ်ကျေးမှု၊မပြည့်ပြည့်ဟန်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး ကျောင်းသား/ကျောင်းသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။  

၎င်းနောက် တက်ရောက်လာကြသော ကျောင်းသား/သူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)