ကျိုက်လတ်မြို့၊ အ.ထ.က(၂)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (KG)ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေး

ကျိုက်လတ် နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန့်ဇော်မောင်တို့သည် ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားရတုခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်အတွက် (KG)ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အခမ်းအနားကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် (KG)ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးကို အာဟာရ ထမင်း၊ ဟင်း၊ မုန့်များ ကျွေးမွေးပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်ဇနီး ဆရာမဒေါ်ဥမ္မာတို့က ရေခဲမုန့်များထပ်မံကျွေးမွေး၍ မုန့်ဖိုးများပေးခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းနှင့် ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရီရီမြင့်