ကျောက်တန်းမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်းများ စတင်ကပ်ထားကြေညာ

ကျောက်တန်း နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကျောက်တန်းမြို့နယ်အတွင်း ရပ်ကွက်အလိုက် မဲရုံ ၁၂၉  ရုံလျာထားသတ်မှတ်ထားရှိပြီး၊ ဒုတိယအကြိမ် မဲစာရင်းအရ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၄၇၃၉၀ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူထံမှသိရသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာခြင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲခွဲရုံးများတွင် နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ကပ်ထားကြေညာထားမည်ဖြစ်ပြီး၊ ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများကကြီးကြပ်၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇင်ထွန်း