ကျောက်ပန်တောင်းမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ပထမအကြိမ် ကြေညာပြီးသည့်နောက် ယခု ဒုတိယအကြိမ် မဲစာရင်းများ ကြေညာခြင်းကို၊ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်(၉)နာရီကစတင်၍ ရပ်ကွက်၊ကျေးရွာအုပ်စုအလိုက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများ မှန်ကန်တိကျစေရေးတို့အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများတွင်  ၂၁ ရက်ကြာ ကပ်ထား ကြေညာ ခဲ့ပြီး၊ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ပြင်ဆင်ဆောင်ရွက်၍ ဒုတိယအကြိမ်အဖြစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထား ကြေညာသွားမည်ဖြစ်ရာ၊ အဆိုပါ မဲစာရင်းများ ကပ်ထားကြေညာမှုအား မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မဲစာရင်းလာရောက်ကြည့်ရှုကြသူ မဲဆန္ဒရှင်များနှင့်တွေ့ဆုံပြီး မဲစာရင်းတွင် အမည်စာရင်း ပါဝင်မှု ရှိ/မရှိနှင့် အကယ်၍  မပါဝင်ပါက ချိတ်ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)