စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီအ‌ထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ(ဒုတိယအကြိမ်) ကပ်ထားကြေညာလျက်ရှိ

စဉ့်ကိုင် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောင်ပွဲကျင်းပနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို (ဒုတိယအကြိမ်) ရပ်ကွပ်/ ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကြေညာထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများအား ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့ထိ(၁၄) ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံး ၅၃ရုံးတွင် (ဒုတိယအကြိမ်) အဖြစ် ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး၊ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် မိမိ၏အမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းနိုင်ရေး၊ စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ရေး၊ အချက်အလက်များမှားယွင်းပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းနိုင်ရေးတို့ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများရှိကော်မတီအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများအား ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲစာရင်းလာရောက်ကြည့်ရှုနိုင်စေရန် အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိ‌ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ (၅၃)အုပ်စုတွင် လျာထားမဲရုံ(၁၁၉)ရုံရှိပြီး မဲဆန္ဒရှင်စုစုပေါင်း (၁၁၀၂၉၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကျော်စွာ(စဉ့်ကိုင်)