မိတ္ထီလာမြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်း (ပထမအကြိမ်)ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာမွမ်းမံသင်တန်း (ပထမအကြိမ်)  ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အထက(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မြင့်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များ၊  ရွေးကောက်ပွဲဥပဒေ  ၊နည်းဥပ ဒေများ နှင့် မဲပေးစက်နှင့် စပ်လျဉ်းသည်များကို ရှင်းလင်းပြောကြားသည်။  ထိုနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ သင်တန်းသားသင်တန်းသူ ဆရာဆရာများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားပြီးနောက်သင်တန်းကိုဆက်လက်ပို့ချရာ သင်တန်းသားသင်တန်း သူများကို  ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ မဲပေးစက်နှင့် စပ်လျဉ်းသည်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းလမ်းညွှန်များဆိုင်ရာတို့ကို သင်တန်း နည်းပြများက ဆွေးနွေးပို့ချခဲ့သည်။  အဆိုပါမွမ်းမံသင်တန်းအား မဲရုံမှူးနှင့် ဒုရုံမှူးများအတွက်သင်တန်းကာလ နှစ်ရက်တာဖွင့်လှစ်ပို့ချပြီး  ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအတွက် သင်တန်းကာလသုံးရက်တာဖွင့်လှစ်ပို့ချမည်ဖြစ်ကာ သင်တန်းကာလမှာ စုစုပေါင်းငါးရက်ဖွင့်လှစ် ပို့ချမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ