မြစ်သားမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ကပ်ထားကြေညာ

မြစ်သား နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့်မဲဆန္ဒရှင်ပြည်သူ များစာရင်း ဒုတိယအကြိမ်ကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာကြောင်း သိရသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်းကြေညာခြင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၁၄ရက်ကြာ   ကြေညာထားရှိမည်ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မြို့ပေါ်ရပ်ကွက် ၁၁ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၁ အုပ်စု၊ အသက် ၁၈ နှင့်အထက် မဲဆန္ဒရှင်စာရင်းများကြေညာထား ကြောင်းသိရသည်။ မြစ်သားမြို့နယ်အတွင်းရှိ  ကျေးရွာ ပေါင်း ၂၂၆ ရွာတွင် မဲပေးမည့်ခန့်မှန်းမဲဆန္ဒရှင် ၁၃၈၀၃၁ဦး မဲပေးနိုင်ရန်အတွက်မဲရုံ ၁၇၅ ရုံဖွင့်လှစ် ကာမဲပေးစက် ၆၆၅လုံး လျာထားကြောင်းသိရသည်။

န္ဒ‌မဲပေးကြမည့်မဲဆန္ဒရှင်ပြည်သူများစာရင်း ဒုတိယအကြိမ်ကြေညာခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ရခွဲရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက် / ကျေးရွာအုပ်စုများမှ ရပ်‌‌ကျေးစာ‌ရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)