သာစည်မြို့နယ်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ကျောင်းသား၊ ကျောင်းသူ ၅၇၃ ဦး ကြိုတင်ဆန္ဒမဲပေး

သာစည် နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်၍ ကျောင်းတက်ကြရမည့် တက္ကသိုလ်၊ ဒီဂရိကောလိပ်နှင့် ကောလိပ် ကျောင်းသား၊ ကျောင်းသူများက ကြိုတင်ဆန္ဒမဲပေးခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ကျောင်းသား ၂၀၇ ဦး၊ ကျောင်းသူ ၃၆၆ ဦး၊ စုစုပေါင်း ၅၇၃ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးထံမှ သိရသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်၍ ကျောင်းတက်ကြရမည့် တက္ကသိုလ်၊ ဒီဂရိကောလိပ်နှင့် ကောလိပ်ကျောင်းသား၊ကျောင်းသူများက  ရပ်ကွက်၊ ကျေးရွာ (၅၈)အုပ်စုရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးများတွင် နိုဝင်ဘာလ ၁၇ ရက်နေ့၌ ကြိုတင် ဆန္ဒမဲပေးသူ ၇၆ ဦး၊ ၁၈ ရက်နေ့၌ ၁၀၁ ဦး၊ ၁၉ ရက်နေ့၌ ၁၀၅ ဦး၊ ၂၀ ရက်နေ့၌ ၆၇ ဦး၊ ၂၁ ရက်နေ့ရက်နေ့ ညနေ ၄ နာရီခွဲအထိ  ၂၂၄ ဦး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  ၅၇၃ ဦး လာရောက်၍ ကြိုတင်မဲပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်၍ ကျောင်းတက်ကြရမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ကျောင်းသူများ  ကြိုတင်ဆန္ဒမဲပေးပြီးသည့် ဆန္ဒမဲလက်မှတ်ပါ မဲပုံးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲဝင်များ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးနှင့် ရုံးအဖွဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သာစည်မြို့မရဲစခန်း၊ ဟံဇားနယ်မြေရဲကင်းစခန်း၊ ညောင်ရမ်းနယ်မြေရဲကင်းစခန်း၊ ယင်းမာပင်နယ်မြေရဲစခန်းများ၌ သွားရောက်၍ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်