ကွမ်းခြံကုန်း နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယမန်နေ့က ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ(၂)ရက် အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မိမိတို့အမည်စာရင်းပါရှိခြင်း ရှိ/မရှိ၊ အမည်မပါသူများ၊ အချက်အလက်များ မှားယွင်းနေသူများရှိပါက ပုံစံ(၁)ဖြင့်လည်းကောင်း၊ လိုအပ်သည့်ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံခွဲများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခွဲများတွင် ကပ်ထားကြေညာမှုကို တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)