မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ကျောင်းသားအားကစားပြိုင်ပွဲမှ ဘောလုံးအားကစားသမားကောင်းများကို ရွေးချယ်မွေးမြူသွားမည်

လှိုင်သာယာ(အနောက်) နိုဝင်ဘာ ၂၄

မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် ရွေးချယ်မွေးမြူနိုင်ရန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ရန်ကုန်မြို့၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၈)အထက်တန်းကျောင်း၌ ဘောလုံးပြိုင်ပွဲအား နိုဝင်ဘာ(၁၉)ရက်နေ့ကစတင်ကျင်းပခဲ့ပြီး နိုဝင်ဘာလ(၂၈)ရက်နေ့တွင် အောင်ပွဲရအသင်းများကို ဆုများချီးမြှင့်ပြီး ဘောလုံးအားကစားသမားကောင်းများကို ရွေးချယ်မွေးမြူသွားမည်ဖြစ်ကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲဖွင့်ပွဲနေ့တွင် နိုင်ငံတော်အလံအားအလေးပြု၍ အားကစားသစ္စာအဓိဋ္ဌာန်ကိုရွတ်ဆိုကာ ပြိုင်ပွဲကိုဖွင့်လှစ်ခဲ့ပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်သူဝင်း၊ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ မြို့နယ်အားကစားမှူး ဦးဇော်ထိုက်အောင်နှင့် အမှတ်(၈)အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစံသိန်းတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြား၍ ကျောင်းသား၊ ကျောင်းသူများက အားကစားသရုပ်ပြနှင့် ပန်းပွင့်သရုပ်ဖော်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့မှ ဆုရအသင်းများနှင့် အကောင်းဆုံး အသင်းတို့ကို ဆုများချီးမြှင့်သွားမည်ဖြစ်ပြီး ခရိုင်/ တိုင်းအဆင့် လက်‌ရွေးစင် မျိုးဆက်သစ်ဘောလုံးသမားများကိုလည်း ရွေးချယ်မွေးမြူသွားမည်ဖြစ်ကာ နိုဝင်ဘာ(၂၈)ရက်နေ့၌ ဆုပေးပွဲနှင့်လူရွေးချယ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင် (PS)