တံတားမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာ

တံတား နိုဝင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယနေ့နံနက် (၈)နာရီက စတင်၍ ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ (၂)ရက် အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မိမိတို့အမည်စာရင်းပါရှိခြင်း ရှိ/မရှိ၊ အမည်မပါသူများ၊ အချက်အလက်များမှားယွင်းနေသူများရှိပါက ပုံစံ(၁)ဖြင့်လည်း‌ကောင်း၊ လိုအပ်သည့်ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံခွဲများတွင်  အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးခွဲများတွင် ကပ်ထားကြေညာမှုကို သန်လျင်ခရိုင်၊ တံတားမြို့ အုပ်ချုပ်ရေးမှူးရုံးများတွင် ဆက်လက်ကပ်ထားလျက်ရှိကြောင်း သိရသည်။

လှိုင်သူဇာ(တံတား)