လှည်းကူး နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့များအား ရပ်/ကျေးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ အခြေခံပညအထက်တန်းကျောင်း (လှည်းကူး)အောင်ဆန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ လှည်းကူးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနောင်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအသန်းက ရပ်/ကျေးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ပြောကြားခဲ့ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ရပ်/ကျေးလုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)