မလှိုင်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်း လမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မလှိုင် နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်နေ့က အ.ထ.က(မလှိုင်) ဧရာဝတီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ  ဥက္ကဋ္ဌ ဦးတင်‌အောင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊  ရွေးကောက်ပွဲဥပဒေ ၊ နည်းဥပဒေများနှင့် မဲပေးစက်နှင့် စပ်လျဉ်းသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားပြီး နောက်သင်တန်းကို ဆက်လက်ပို့ချရာ သင်တန်းသားသင်တန်းသူများကို  ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ မဲပေးစက်နှင့် စပ်လျဉ်းသည်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းလမ်းညွှန်များဆိုင်ရာတို့ကို သင်တန်းနည်းပြများက ဆွေးနွေးပို့ချခဲ့သည်။  

အဆိုပါမွမ်းမံသင်တန်းအား မဲရုံမှူးနှင့် ဒုရုံမှူးများအတွက်  သင်တန်းကာလ နှစ်ရက်တာဖွင့်လှစ် ပို့ချပြီး  ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် သင်တန်းကာလ သုံးရက်တာဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)