ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ (ဈ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး၊ မန္တလေးမြို့၊ မြို့နယ်မီးသတ်ဦးမှူး များနှင့် သန္ဓေ ၂၀ ဦး၊ အရန် ၅၀ ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများပူးပေါင်းကာ (ဈ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်မှုဇုန်(၂)အတွင်းရှိ စက်ရုံ /အလုပ်ရုံ/ သိုလှောင်ရုံများအား မီးသုံးစွဲမှုများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/ မီးကပ်/ သဲ/ ရေ/ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး၊ မီးငြှိမ်းသတ်ရေးစနစ်များ တပ်ဆင်ထားရှိမှုများအားစစ်ဆေးအကြံပေးခြင်းနှင့် မီးသတိပေးလက်ကမ်းစာစောင်များဖြန့်ဝေနေမှုတို့အား တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်၀င်းထွန်းမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်ညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ပြန်/ဆက်)