ရွှေပြည်သာ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေပြည်ရတနာခန်းမ၌ ဖွင့်လှစ်သည်။
အခမ်းအနားတွင် မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံမြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မဲရုံတာဝန်ဆိုင်ရာလုပ်ငန်းလမ်းညွှန်များနှင့် MEVM မဲပေးစက်အသုံးပြုနည်းများကို သင်တန်းနည်းပြ(၃)ဦးဖြင့် ပို့ချဆောင်ရွက်ကြရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး(၅၄)ဦးတို့ တက်ရောက်သင်ကြားပြီး အဆိုပါသင်တန်းကို ယနေ့တစ်ရက်တာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေးမိုး(ပြန်/ဆက်)