ကွန်ဟိန်း နိုဝင်ဘာ ၂၄
၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးဘေး မြေစိုက်နံရံကပ်ပြဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၁ နာရီခန့်က ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်၏ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းပုံများ၊ EVM စက်နဲ့ ဘယ်လို့မဲပေးကြမလဲ ခေါင်းစဥ်ဖြင့် မဲပေးပုံစံများ၊ မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် ပုံစံ(၁)ကနေ ပုံစံ(၉)အထိ စနစ်တကျ မဲပေးခြင်းများ၊ မဲပေးခြင်းများ လက်တွေ့ပညာပေးမှတ်တမ်းဓာတ်ပုံများ စသည့် အချက်များ ပြသထားရှိရာ မြို့နေပြည်သူများက စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)