မန္တလေး နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ်(မန္တလေး)၌ နိုဝင်ဘာ ၂၄ ရက် မှစတင်ကာ ကျောင်းဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
အဆိုပါတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဘွဲ့ကြို(အင်ဂျင်နီယာ၊ ဗိသုကာ) သင်တန်းများနှင့် ဘွဲ့လွန် (မဟာအင်ဂျင်နီယာ၊ မဟာဗိသုကာ)သင်တန်းများကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများက နွေးထွေးစွာကြိုဆိုကြပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာတက်ရောက် ပညာသင်ယူလျက်ရှိကြောင်း ပါမောက္ခချုပ်ထံမှ သိရသည်။
ဇာနည်ကိုကို ပြန်/ဆက်