ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကျင်းပ

ချမ်းအေးသာစံ နိုဝင်ဘာ ၂၄

ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)သရက်ပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲများ၏ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ အမှတ်(၅)သရက်ပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ Grade-5 ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးတို့ပါဝင် ယှဥ်ပြိုင်ခဲ့ကြသည်။

စွမ်းရည်မြှင့်တင်ပြိုင်ပွဲများတွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ သင်္ချာဥာဏ်စမ်း၊ အင်္ဂလိပ်စာ စွမ်းရည်၊ ပုံဆက်ဆွဲပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ စတဲ့ပြိုင်ပွဲအမျိုးအစား ၈ မျိုး ပါဝင်ခဲ့ပြီး အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများအား စာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)